မုန်တိုင်းကျသောအခါ ကွယ်ကာရာ

Verse 1

ကွယ်ကာရာကျောက် ကိုယ်တော်ဖြစ်၏

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

ဒုက္ခရောက်စဉ် လုံခြုံပေ၏

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

Chorus

အို ယေရှုရှင်သည် လောကခရီးလမ်းတွင်

ကွယ်ကာရာကျောက် ဖြစ်တော်မူ၏

Verse 2

နေ့ချိန်ညချိန် ကွယ်ကာရာတည်း

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

ရန်သူခြောက်လှန့်ခြင်း ကြောက်ရွံ့ကင်း

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

Verse 3

မိုးသက်မုန်တိုင်း ပတ်လည်ဝိုင်းလျှင်

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

လုံခြုံရာ ဘယ်ခါမျှ မခွာ

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

Verse 4

ကွယ်ကာရာကျောက် ကိုယ်တော်ဖြစ်၏

မုန်တိုင်းကျသောအခါ ကွယ်ကာရာ

အနီးနေပါ စဉ်မစရန်

မုန်တိုင်းကျသောအခါ ကွယ်ကာရာ