ပန်းတုံးတိုင်သို့
ခန့်ထားတော်မူသည်အတိုင်း ကျွန်ုပ်တ်ို့သည်
လုပ်ကိုင်လျက် ကြံစည်လျက်ပင်ရှိနေရမည်
မိမိ၏တာဝန်ရှိသမျှကို ပြီးစီးအောင်
အကျိုးမဲ့နေ့ရက်မကုန်ဘဲ ကြိုးစားရွက်ဆောင်
ပန်းတုံးတိုင်သို့ သင်သည် ပန်းတုံးတိုင်သို့
လှည့်ပြန်မကြည့်ဘဲလျက်နှင့် ရှေ့ရှုပြေးလေ
သင်၏သခင်သည် သင်ဖို့ဦးရစ်နှင့်စောင့်နေ
အမြန်ခံယူရအောင်ပြေးနေ ပန်းတုံတိုင်သို့
သခင်အမှုတော်မြတ်ကို ထမ်းဆောင်စဉ်တွင်
နှောင့်ယှက်ကဲ့ရဲ့ခြင်းများကို ဂရုမစိုက်
အလျင်းပေါ့လျော့ ပျက်ကွက်ခြင်းများမရှိဘဲနှင့်
သခင်ခြေရာတော်နောက် လျှောက်လိုက်အစဉ်တစိုက်
ကိုယ်လျှောက်သွားရာလမ်းမှန်ကား သခင်ယေရှု
ပြတော်မူခဲ့သော ပုံသက်သေကို စေ့စေ့
လိုက်လျှောက်ရမည်ကို နေ့စဉ်မမေ့ဘဲမှတ်ယူ
သခင်နည်းတူဖြစ်ရန် ဒုက္ခများကိုခံလေ
လမ်းလျှောက်စဉ်တွင် သင်သည် ယုံမှားစရာကို
တွေ့မြင်ကြုံရသောအခါမှာ ကျမ်းစာသဘော
မည်ကဲ့သို့ရှိသည် ခွဲခြားရှင်းလင်းမြင်စေဖို့
လျင်မြန်စွာပင်ဖွင့်လှစ် ဖတ်ရွတ်တိုက်ဆိုင်ကြည့်လော့
သင့်ကို ခမည်းဘုရားနှင့် သားတော်မြတ်သည်
လက်တော်တို့တွင်ဆွဲကိုင်လျက်စောင့်ထိန်းရှိပေ
သာဓု ငါ့ငယ်သားကောင်းဟုချီးမွမ်းတော်မူမည်
မှုတော်မြတ်ကို ဆောင်ရွက်လျက်နှင့် အစဉ်နေလေ