ယေရုရှလင်မြို့သစ်

Verse 1

မျက်စိကန်းနေ၍ မပွင့်လင်းသူ

စိမ်းလန်းသစ်ပင်ပန်းပွင့် မမြင်သော်လည်း

ကယ်တင်ရှင် ယေရှုထံသို့ရောက်သောခါ

မျက်စိပွင့်လင်းလိမ့်မည် ယေရုရှလင်သစ်မှာ

Chorus

ဝမ်းမြောက်စွာ သီချင်းဆို ဟာလေလုယာ ချီးမွမ်းမည်

ဘေးကင်းရာ ရွှေအိမ်တော်သို့ရောက်ချင်လှ

ဝမ်းနည်းခြင်း မျက်ရည်သုတ်တော်မူလိမ့်မည်

သန့်ရှင်းသူတိုင်းရှိမည် ယေရုရှလင်သစ်မှာ

Verse 2

ခြေဆွံံ့အသူ ဒရယ်ကဲ့သို့ခုန်မည်

စကားအနေသူတိုင်း သီချင်းဆိုမည်

လောကဝမ်းနည်းခြင်းရှိသူအားလုံးတို့

ဝမ်းမြောက်သီချင်းဆိုမည် ယေရုရှလင်သစ်မှာ

Verse 3

ကိုယ်ခန္ဓာပြည့်စုံ၍မရှိသူ

မျက်နှာပွန်းပဲ့သူများရှိသော်လည်း

သန့်ရှင်းသူအားလုံးတို့ဆုံတွေ့ကြသောအခါ

ဝမ်းမြောက်ပျော်ရွှင်ရမည် ယေရုရှလင်သစ်မှာ