စောင့်ထိန်းတော်မူလိမ့်မည်ကျူး

၁။ ဖြစ်သမျှမှာ မကြောက်ပါနှင့်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊

너 근심 걱정 말아라 주 너를 지키리

မေတ္တာတော်တွင် ကိန်းဝပ်နေလျှင်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။

주 날개밑에 거라라 너를 지키리

ထပ်ဆို

စောင့်ထိန်းတော်မူလိမ့်မည်၊ နေ့စဉ်လျှောက်ရာ၊

주 너를 지키리 아무때나 어디서나

ခရီးလမ်းမှာ ကိုယ်တော် စောင့်ထိန်းလိမ့်မည်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။

주 너를 지키리 늘 지켜 주시리 아멘

၂။ ဒုက္ခထဲမှာ စိတ်ပျက်သောခါ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊

어려워 낙심될 때에 주 너를 지키리

သင့်လမ်းပေါ်မှာ ဘေးရောက်သောခါ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။

위험한 일을 당할 때 주 너를 지키리

၃။ သင်လိုသမျှ ကိုယ်တော်ပေးမည်၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊

너 쓸 것 미리 아시고 주너를 지키리

တောင်းသမျှလည်း မငြင်းပယ်ပြီ၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။

위험한 일을 당할 때 주 너를 지키리

၄။ အဘယ်ကဲ့သို့ ဖြစ်သည်မဆို၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်၊

어려운 시험 당해도 주 너를 지키리

ရင်ခွင်တော်တွင် အားကိုးမှီခို၊ ကိုယ်တော်စောင့်ထိန်းလိမ့်မည်။

구주의 품에 거하라 주 너를 지키리