ကောင်းကင်ခေါင်းလောင်းကျူး

Verse 1

ဤယော်ဒန်မြစ်တွင် နှစ်ခြင်းခံစိမ့်သောငှာ၊ ပြစ်ရှိသူအပေါင်း စုရုံးရောက်လာ၊

ယုံကြည်ကြသော သူများရှိလေသမျှ၊ ခံရာမင်္ဂလာ ယောဒန်မြစ်မှာ

Chorus 1

ဘုန်းတော်၊ ဘုန်းတော် ကောင်းကင်သား ကြွေးကြော်၊

ဘုန်းတော်၊ ဘုန်းတော် ကောင်းကင်စဉ်နှိုးဆော်၊

ကောင်းကင်ဗိမာန်တော်တွင် နှံ့ပြားစေလေပြီ၊

ဟာလေလုယ၊ ကောင်းကင်သားဆို၏

Verse 2

ဤ ယော်ဒန်မြစ်ကမ်းတွင် ရပ်သောသူအပေါင်း၊ ကောင်းကင်သံကို ခဏလျှင် နားထောင်၊

လူမျိုးအပြစ်ဖြေရှင်းပိုင်သော ရှင်သခင်၊ ကောင်းကင်ဘုံ ပလ္လင်မှ သင့်ကိုမြင်

Verse 3

ကောင်းကင်ထက်က မိန့်တော်မူသောအသံမှာ ပျောက်လွင့်သော သား ယခုပင်ပြန်လာ၊

ငါ့အဘလည်း သင့်တွက်ဝမ်းမြောက်လှလေပြီ၊ ကောင်းကင် ခေါင်းလောင်းများကို ထိုးစေ၏

Verse 4

ပျောက်လွင့်သောသားများ၊ ခုပင် ပြန်လာချေ၍၊ နက်ဖြန်နေ့တိုင်အောင် မိုင်းမနေ၊

ငါ့အဘလည်းကောင်းကင်သားများအား ဆိုပေ၊ ထူးမြတ်သတင်း ကြော်ငြာနှံ့ပြားစေ