ပြည်တော်ကျူး

၁။ ရွှေပြည်ကောင်းကင် စံလိုချင်လေ၊

ယေရှုခရစ်၏ မျက်နှာကို ဖူးမြင်လျက်နှင့် စိတ်ပျော်ရွှင်လေ၊

ကျေးဇူးတော်ကို သီချင်းဆို။

၂။ ဝဋ်ဆင်းရဲနှင့် ကင်းလွတ်လျက်လေ၊

နာဘေး အိုဘေး သေဘေးကို ကွယ်ကာရှင်းရှင်းပယ်ဖျောက်ဖျက်လေ၊

ကျေးဇူးတော်ကို သီချင်းဆို။

၃။ ကြွင်းမဲ့ချစ်ခင် ကျေးဇူးရှင်ထံ

သုခသက်သက်မြိုက်ရည်ကို မြိန်စွာ သောက်လျက် ပျော်မွေ့ရွှင်စ၊

ကျေးဇူးတော်ကို သီချင်းဆို။

၄။ ပြောင်ပြောင်လက်လက် မိုးဝယ်သက်တံ့၊

နေရောင်ခြည်ကို ဖြန့်သည်လို၊ ယေရှုဘုန်းတော် ခိုလှုံဆက်ဆံ၊

ကျေးဇူးတော်ကို သီချင်းဆို။