အသက်ရေကျူး

၁။ ရှင်ယေရှုအသက်ရေပေးဝေသည်၊ ဖိုးမယူပဲ ပေးလေ၊

ရှင်ယေရှု အသက်ရေပေးဝေသည်၊ ပြစ်ရှိသူတိုင်းကို ပေးလေ၊

သက်စမ်းရေ ပေါက်သို့လာ၍ သောက်လော့၊ ဖိုးမပေးပဲသောက်လေ၊

သက်စမ်းရေ ပေါက်သို့လာ၍ သောက်လော့၊ ပြစ်ရှိသူတိုင်းဖို့ စီးနေ။

ထပ်ဆို

ရှင်ယေရှုလာခေါ်တော်မူပေ၊ ဖိုးမယူပဲပေးလေ၊ ရေငတ်သူတိုင်း လာကြပါစေ၊

အသက်ရေကို မြည်းစမ်းပါလေ၊ သက်စမ်းရေပေါက်သည် စီးလျက်စီးလျက် စီးလျက်စီးနေ၊

သက်စမ်းရေပေါက်သည် စီးလျက်၊ သင်နှင့် ကျွန်ုပ်တို့ဖို့တွက်လေ။

၂။ ကောင်းကင်အိမ်တော်တွင် ခံစားစေရန် ကတိတော်ထားခဲ့ပြီ၊

ကောင်းကင်အိမ်တော်တွင် ခံစားစေရန် ကိုယ်တော်ကို ချစ်သူတို့အား၊

မညှိုးနွမ်းနိုင်သော ဘဏ္ဍာများကို ဖိုးမပေးပဲ ပေးပေ၊

မညှိုးနွမ်းနိုင်သော ဘဏ္ဍာများကို ကိုယ်တော်ကို ချစ်သူအားပေး။

၃။ ဖြူဝတ်လုံပေးမည် ကတိရှိပေ၊ ဖိုးမယူပဲ ပေးဝေ၊

ဖြူဝတ်လုံပေးမည် ကတိရှိပေ၊ ကိုယ်တော်ကို ချစ်သူတို့အား၊

နိုင်ငံတော်နှင့် သရဖူပေးမည်၊ ဖိုးမယူပဲ ပေးဝေ၊

နိုင်ငံတော်နှင့် သရဖူပေးမည်၊ ကိုယ်တော်ကို ချစ်သူတို့အား။

၄။ ကောင်းကင်တွင် ထာဝရ စံစားရန် ကတိတော်မြတ်ရှိပေ၊

ကောင်းကင်တွင် ထာဝရ စံစားရန် ချစ်သူတို့အား ကတိရှိ၊

မကွယ်ပျောက်နိုင်သော ပျော်မွေ့ခြင်းကို လူတိုင်းတို့အား ပေးလေ၊

မကွယ်ပျောက်နိုင်သော ပျော်မွေ့ခြင်းကို ပေးမည်ကတိတော်ရှိပေ။