ကောင်းကင်လမ်းလျှောက်ခြင်း

Verse 1

ကောင်းကင်ဘုံ ဘုရင်သားများတို့၊ လမ်းလျှောက်စဉ် သီချင်းဆိုကြ၊

ချွတ်ကယ်ရှင် ဂုဏ်ကျေးဇူးများကို ထိုက်သင့်လျော်စွာ ချီးမွမ်းကြ

Chorus 1

ငါလျင်သွားမည်၊ ကောင်းကင်ပြည်တော်၊

တူတကွ မလိုက်လာလိုလော၊

ဟာလေလုယ၊ ချီးမွမ်းဆိုလော့၊ ဟာလေလုယ၊ ချီးမွမ်းဆို

Verse 2

ဖဘုရား၏ အိမ်တော်သွား၏၊ ရှေးသူမြတ်လိုက်ဖူးလမ်းတည်း၊

သူတို့မြဲတည် ချမ်းသာရပြီ၊ သင်တို့လည်း ဆက်ဆံကြမည်

Verse 3

သိုးတော်စု ငယ် ကြွေးကြော်ဆိုကုန်၊ ယေရှုပလ္လင်ဆက်ဆံမည်၊

သင်တို့နေရာ ပြင်ပြီးပြည့်စုံ၊ သင်တို့စံရာ နိုင်ငံတည်း

Verse 4

ချွတ်ကယ်ရှင်၊ ဤအောက်ပျော်မွေ့ရာ၊ ငြင်းပယ်နိုင်လျက် လမ်းလျှောက်စေ၊

ကိုယ်တော်ပို့ဆောင်၊ ကျွန်ုပ်တို့မှာ၊ မြဲစွာ တည်လျက် လိုက်ပါမည်