သာ၍မြတ်သော ကောင်းကင်ရွှေပြည်ကျူး

၁။ သာ၍မြတ်သော ကောင်းကင်ရွှေပြည် ရူပါရုံတွင် ငါမြင်မက်၏၊

ပြည်အလုံးသည် ထွန်းတောက် ရောင်ခြည်ဘုန်းတော်နှင့် ပြည့်နှက်လျက်ရှိ၏။

ထပ်ဆို

ချစ်ရွှေပြည်တော် ပျော်ရွှင်ဖွယ်လေ၊

ဘုန်းတော်ရောင်ခြည် ထွန်းတောက်ပလေ၊

သာယာကမ်းခြေ ငါတို့ဆိုက်ရောက်၊

နံနက်မိုးသောက် မှောင်မိုက်လွင့်ပျောက်။

၂။ သေခြင်းကင်းသော ထိုပြည်တော်တွင် ပြစ်စွန်းကွက်ခြင်း မှောင်ရိပ်နှင့်ကင်း၊

ခွဲခွာသူများ ပြန်ဆုံတွေ့ကြနောက်နောင် ဘယ်ခါမျှမခွဲရာ။

၃။ ငြိမ်သက်သာယာ ထိုပြည်တော်မှာ လေပြင်းတိုက်ခြင်းလျင်းမရှိရ၊

မြတ်ဘုရား၏ ရင်ခွင်တော်မှာ မောပန်းသူများ ငြိမ်းချမ်းသာြက။