ကိုယ်တော်ကို သိလိမ့်မည်ကျူး

Verse 1

သက်တာလမ်းဆုံးသော ကာလ၊ သေခြင်းမြစ်ကို ကူးရမည်၊

ဘုန်းတော်ထွန်းလင်းရောင်ခြည်တော်ကို မြင်လိမ့်မည်၊

ရွှေပြည်တော်ရောက်ရသောခါ၊ ကယ်တင်ရှင်ကို ဖူးမြင်မည်၊

ပြုံးတော်မူလျက် ကိုယ်တော်ရှင်သည် ဆီးကြိုမည်။

Chorus 1

ကိုယ်တော်ရှင်ကို သိပါလိမ့်မည်၊ ပြစ်လွတ်လျက် ထံတော်ပါးရပ်ရမည်၊

ကိုယ်တော်ရှင်ကို သိပါလိမ့်မည်၊ လက်ဝါးမှာ သံချက်ရာဖြင့်သိမည်။

Verse 2

မျက်နှာတော်ဖူးတွေ့ရသော် ဝမ်းမြောက်ခြင်းသည် စုံလင်မည်၊

မျက်စိတော်သည် ကရုဏာဖြင့် ထွန်းလင်းမည်၊

ကရုဏာမေတ္တာတော်နှင့် ကျေးဇူးတော်ကြောင့် ချီးမွမ်းမည်၊

ရွှေပြည်တော်မှာ ကျွန်ုပ်ဖို့ အခန်းသင့်ရှိ။

Verse 3

ချစ်သူများသည် ကောင်းကင်မှ ကျွန်ုပ်ကို လက်ရပ်ခေါ်၏၊

သေခြင်းမြစ်မှ ခွဲခွါရခြင်း မှတ်မိသည်၊ ပျော်မွေ့ရာ ဧဒင်ရပ်မှာ သူတို့သည် ဆီးကြိုကြမည်၊

ကိုယ်တော်ကိုသာ ရှေ့ဦိးစွာ ဖူးမြင်ချင်သည်။

Verse 4

ဖြူဝတ်လုံဝတ်ဆင်လျက်နှင့် ငိုခြင်းကင်းသော မြို့တော်သို့ ကိုယ်တော်ရှင်သည်

ကျွန်ုပ်ကိုပင် ပို့ဆောင်မည်၊ ရွှင်လန်းစွာ ကောင်းကင်သားနှင့်

သီချင်းကိုဆိုရသော်လည်း၊ ကိုယ်တော်ကိုသာ ရှေ့ဦိးစွာ ဖူးမြင်ချင်သည်။