အိုသာယာသော မြန်မာပြည်ကျူး

၁။ အိုသာယာသော မြန်မာပြည်တော်၊ စပါးလယ်များ သစ်တော၊

ချောင်းရိုးမြောင်းရိုး မြစ်ကြီး သွယ်သွယ်၊ တောင်ဝှမ်း၊ တောင်တန်း၊ ပင်လယ်၊

မြန်မာပြည်သူ၊ မြန်မာပြည်သား၊ ကောင်းကျိုးခံစားစေပါ၊

တောင်နယ်စွန်းက မြောက်စွန်းတိုင်အောင် ဆုကျေးဇူးပေးသနား။

၂။ မြန်မာပြည်သား ယောက်ျားမိန်းမ၊ လူတန်းစားမခွဲခြား၊

ဗမာ၊ မွန်၊ ရှမ်း၊ ဝ၊ ချင်း၊ ကချင်၊ လားဟူ၊ တောင်သူ ကရင်၊

မြန်မာပြည်သူ၊ မြန်မာပြည်သား၊ ကောင်းကျိုးခံစားစေပါ၊

ယွင်းမှားအယူပယ်ရှားစိမ့်ငှါ ပဲ့ပြင်မူပါ ဘုရား။

၃။ သမ္မတမင်း၊ ဝန်ကြီးချုပ်နှင့် လက်အောက်အရာရှိပေါင်း၊

ပညာဆည်းပူး ကျောင်းသား၊ ကျောင်းသူ၊ ကုန်သည်၊ လယ်လုပ်သမား၊

ပြည်ထောင်စုသား၊ လူတိုင်းတို့အား တော်လျော် ကျေးဇူးပေးပါ၊

ဖြောင့်မတ်တရားဆောက်တည်ဆည်းကပ်၊ စွဲလန်းစေပါ ဘုရား။ အာမင်။