မိန်းမသာသနာပြု အသင်းကြီး၏ အမှုဆောင်များ

၁။ မိန်းမ အသင်းဝင်သူအပေါင်း၊ စေလွှတသူတို့ လိုပ်ဆောင်ရအောင်

ကျွေးမွေးခြင်းငှါ အလှူလှူဒါန်း သူတို့တွက်လည်း အစဉ်ဆုတောင်း၊

သူတို့တွက်လည်း အစဉ်ဆုတောင်း။

၂။ မိန်းမ အသင်းမှုထမ်းသူများ၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ၊

ကိုယ်နှုတ် သတ္တိ ကိုယ်ဉာဏ်မကိုး၊ သန့်ရှင်းဝိညာဉ်တော်သာ မှီခို၊

သန့်ရှင်းဝိညာဉ်တော်သာ မှီခို။

၃။ သင်သွားလေရာ ရောက်ရပ်ရပ်တိုင်း၊ တနင်္သာရီ၊ ပဲခူး၊ ရခိုင်၊

ထားဝယ် မြို့နယ်၊ ဝေးလှယူနန်၊ သခင်ဘုရားပါမည်၊

ဧကန်၊ သခင်ဘုရားပါမည်၊ ဧကန်။

၄။ နောက်ဆုံးနေ့၌ ကိုယ်တော်ရှေ့မှာ အစစ်ခံရန် ပေါ်လာသောခါ၊

သာဓုသစ္စာရှိသော ငယ်သား၊ သခင့်စည်းစိမ်ကို ဝင်စားရ၊

သခင့်စည်းစိမ်ကို ဝင်စားရ။