ကောက်လှိုင်းများကို ဆောင်ယူခြင်းကျူး

Verse 1

နံနက်မျိုးစေ့ကြဲလျက်၊ မေတ္တာမျိုးစေ့ကြဲလေ၊

မွန်းတည့်ချိန်တွင် ကြဲလျက် ညချိန်တွင် ကြဲပေ၊

အသီးမှည့်ချိန် စောင့်စဉ် ရိတ်ချိန်ကို မျှော်လျက်နေ၊

ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ

Chorus 1

ကောက်လှိုင်းများ ဆောင်ယူ၊ ကောက်လှိုင်းများ ဆောင်ယူ၊

ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ၊

ကောက်လှိုင်းများ ဆောင်ယူ၊ ကောက်လှိုင်းများ ဆောင်ယူ၊

ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ

Verse 2

နေရောင်ခြည်၌ ကြဲလျက် အရိပ်များတွင် ကြဲလျက်၊

မိုးတိမ်များ မကြောက်ပေ၊ ဆောင်းတွင်းလည်းရဲပေ၊

များမကြာမီ ရိတ်ချိန်မျိုးစေ့ကြဲခြင်းငြိမ်းလေ၊

ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ

Verse 3

ချို့သော ကောက်လှိုင်းကျလျက်၊ ငါ့ဝမ်းနည်းခြင်းဖြစ်လေ၊

ယေရှုရှင်ဖို့ဖြစ်လျက် စဉ်မပြစ်ကြဲနေ၊

ငါတို့ ငိုခြင်းကင်းလျက် ကိုယ်တော်သည် ခေါ်မူ‌ပေ၊

ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ