သံတော်ဆင့်ကျူး

၁။ ခရစ်ယာန်သံတော်ဆင့်များတို့ ဧမာနွေလနာမကြွေးကြော်၊

ထိုနာမဖြင့် ကယ်တင်ခြင်းရ၊ အတိုင်းတိုင်း ရောက်၍ သိစေကြ။

၂။ ပင်လယ်လေးပြင်းများ ထသော်လည်း သင်တို့ကို ဘေးမဲ့ပို့မူမည်၊

အမှုတော်ကို ဆောင်ရွက်ဖို့ရန်၊ စိတ်အားကြီးစေတော်မူလတံ့။

၃။ အမှုတော်ဆောင်၍ ပြီးသောခါ၊ သခင်ယေရှု ခြေရင်းတော်မှာ

ငါတို့အားလုံးတွေ့ဆုံကြမည်၊ မကိုဋ်တော်ကို တင်ကြအံ့တည်း။ အာမင်။