ပွဲတော်ကျူး

၁။ ရှင်ယေရှုသေခံခါနီး၊ တပည့်တို့ကို မိန့်မှာ၏၊

ငါ့ကိုကား အောက်မေ့ဖို့ရာ၊ ငါ့ပွဲတော်ကို စောင့်ကုန်ပါ။

၂။ ဤလူ့ပြည်မှာလူကိုယ်စား ငါခံရ၊ ဆင်းရဲဒုက္ခ၊

အောက်မေ့ဖို့ စားသောက်အပ်သော ပွဲတော်ကို ခံကုန်ကြလော့။

၃။ ပွဲတော်၏ အဓိပ္ပါယ်ကား၊ ဖဲ့သောမုန့် ငါ၏ အသား၊

သွန်းလောင်းသော စပျစ်ရည်လည်း၊ ငါ့အသွေးဆိုလိုသတည်း။

၄။ ငါစွန့်သော အသွေးအသား၊ စားသောက်သောမူ မည်သည်ကား၊

ပြစ်ငရဲကင်းလွတ်လိမ့်မည်၊ ကောင်းကင်ဘုံ ဝင်ထိုက်ပေ၏။

၅။ ရှင်ယေရှု လူတို့အတွက် စွန့်တော်မူမိမိ အသက်၊

ဤသည်ကား ချီးမွမ်းမမှီ၊ ကျေးဇူးတော် ကြီးလှပေ၏။

၆။ ရှင်ယေရှု ကျွန်ုပ်တို့သည် ပွဲတော်ကြောင့် ဝမ်းသာပါ၏၊

ကျေးဇူးတော်ကို အောက်မေ့သော်၊ ရောက်ချင်လှ၊ ဘုရားထံတော်။ အာမင်။