ရေနှစ်ခြင်းကျူး

၁။ သခင်ယေရှုရေနှစ်ခံသည်၊ သက်တော် စွန့်လျှင် ရှင်ပြန်ဉီးမည်၊

မဖြစ်မီတွင် ပုံပြမူ၏၊ လိုက်ရန် ပုံသက်သေလည်း ပေးပြီ။

၂။ ယုံကြည်သောသူ သခင်မြတ်နည်း နှစ်ခြင်းကိုခံ ဇာတိသေပြီ၊

သက်သစ်နှင့်လည်း ရှင်ပြန်သည်ဟု ဝန်ခံရမည်၊ မိန့်မြွက်တော်မူ။

၃။ ထိုသို့ ယခုဝန်ခံသောသူ၊ အိုကျေးဇူးရှင် ကြည့်ရှုတော်မူ၊

ဤရေသင်္ချိုင်းမှ ပေါ်ထသော် အပြစ်သဘော သေပါစေသော။

၄။ အသက်ထက်ဆုံးတိုင်အောင်လျှင်လည်း၊ သန့်ရှင်းသောသူ အလင်းရောင်ခြည်၊

ပတ်ဝန်းကျင်၌ ပြသပြီးမှ ရွှေပြည်ချမ်းသာ စံစားစေပါ။

၅။ ခမည်းတော် သားတော်၊ ဝိညာဉ်တော် ဤ ရေနား၌ စုဝေးကြသော

ကျွန်ုပ်တို့ကို မြတ်ဆုကျေးဇူးရှေးက နည်းတူ၊ ချပေးတော်မူ။