အသင်းတော်၏ အမြစ်ကျူး

၁။ အသင်းတော်၏ အမြစ်ကား၊ ယေရှုသခင်ပေတည်း၊

ရေတော်၊ နှုတ်ကပတ်တော်အား အသင်းတော် ဖန်ဆင်းပြီ၊

သတို့သမီး မြတ်စေရာ၊ ရှာအောင် ဆင်းသက်မူ၏၊

သွန်းလောင်းသွေးတော်ဝယ်ယူရာ၊ စွန့်သက်တော်ရှင်စေပါ။

၂။ လူမျိုးမျိုးထဲ၊ ရွေးကောက်တော်၊ တစ်လုံးတစ်ဝတည်းရှိ၊

ဘုရား၊ တရား ဖွားခြင်းကား တစ်ပါးတည်းသာရှိ၏၊

ကြီးမြတ်သန့်ရှင်းနာမတော်၊ ပွဲတော် တစ်ပါးပေတည်း၊

တစ်ခုတည်းသော မျှော်လင့်ခြင်း၊ မှီအောင် ကြိုးစားရမည်။

၃။ ညှင်းဆဲဒုက္ခမျိုးမျိုးနှင့် သင်းတော် စစ်ပြိုင်နေစဉ်၊

မကုန်မဆုံးနိုင် ချမ်းသာ၊ မျှော်မြင်နေလျက် ဆိုင်းလင့်၊

မြတ်ဆုံးသော ရူပါရုံကို မျက်စိတွေ့မြင်သောခါ၊

ဘုန်းတော် ပြည့်စုံသော အသင်းတော် ရွှင်လန်းမည် သာယာစွာ။

၄။ တစ်ဆူတည်းသော ဘုရားနှင့် သင်းတော် သင့်တင့်ပါြပီ၊

သေလွန်သန့်ရှင်းသူများနှင့်၊ မိတ်ဆွေဖွဲ့ခြင်းရှိ၏၊

ထိုမင်္ဂလာသူတို့နှင့် ကောင်းကင်နိုင်ငံတော်တွင်

ပေါင်းဖော်ရအောင် ကျွန်တို့အား သနားပါတော့ သခင်။ အာမင်။