နှစ်ခြင်းကျူး

၁။ ကြွတော်မူပါ၊ ဝိညာဉ်ဘုရား၊ ပညတ်တော်ကို ကျင့်ဆောင်ခြင်းငှာ၊

ဤရေနားတွင် စုဝေးကြစဉ်၊ မြတ်ကျေးဇူးခံပါစေ၊ အရှင်။

၂။ အိုကျေးဇူးရှင်သခင် ယေရှု၊ ဤ ရေနှစ်ခြင်းခံရသောသူ၊

အသွေးတော်ကြောင့် အပြစ်နှင့်ကင်း၊ ချမ်းသာကို ရပါစေအရှင်။

၃။ ဤသူတို့်လည်း အသက်ထက်ဆုံး တရားတော်၌ တည်ကြည် လုံးလုံး၊

အလိုတော်၌ လိုက်ချင်သဘော၊ သူတို့၌ ပြည့်စုံပါစေသော။

၄။ ဤလောကမှ စုတေ့သောခါ၊ ကောင်းကင်ဘုံမြတ် ခြေရင်းတော်မှာ၊

သန့်ရှင်းသောသူ အစည်းအဝေး၊ ဝင်ရအခွင့်ကို ပေးစေပါ။ အာမင်။