ရှေးဝတ္ထုဟောင်းကျူး

၁။ ရှေးဝတ္ထုဟောင်းကို ပြောလေ၊ အထက်မမြင်အရာ၊

ယေရှုနှင့် ဘုန်းတော်မြတ်ပေ၊ ယေရှုချစ်ခြင်း မေတ္တာ။

ထိုဝတ္ထုပြောပါ လင်းစွာ၊ သူငယ်အားပြောသည်နည်း၊

ကျွန်ုပ်အားနည်း‌ မောပန်းပါ၊ မစွမ်းနိုင် ညစ်စွန်းသည်။

ထပ်ဆို

ရှေးဝတ္ထုဟောင်းကို ပြောလေ၊ ရှေးဝတ္ထုဟောင်းကို ပြောလေ၊

ရှေးဝတ္ထုဟောင်းကို ပြောလေ၊ ယေရှုနှင့် မေတ္တာတော်။

၂။ ထိုဝတ္ထုပြော ဖြည်းညှင်းစွာ ကျွန်ုပ်နားလည်လွယ်အောင်၊

အံ့ဖွယ်ရွေးနုတ်ကယ်ဖို့ရာ၊ အပြစ်ဖြေခြင်းအကြောင်း၊

ထိုဝတ္ထုပြောပါ အဖန်များစွာ၊ ကျွန်ုပ်မေ့လွန်းတတ်ချေ၊

နှင်းရည်လို နံနက်ရှိငြား၊ မွန်းတည့်သော် ကွယ်ပျောက်လေ။

၃။ ထိုဝတ္ထုပြောပါ တိုးတိုး၊ စိတ်ပါသံနှင့် လေးလေး၊

ကျွန်ုပ်အပြစ်မှ ကယ်ဖို့၊ ယေရှုသည် ကြွအောက်မေ့၊

ထိုဝတ္ထုပြောပါ အစဉ်၊ ဒုက္ခဆင်းရဲရောက်သော်၊

နှစ်သိမ့်ဖွယ် ပြလိုမှန်လျှင်၊ ထိုဝတ္ထုဟောင်းပြောလော့။