ကျွန်ုပ်အထက်၌ မြင့်သောကျောက်ကျူး

၁။ တစ်ခါတစ်ရံ မှောင်မိုက်မဲလေ၊ ပန်းတုံးတိုင်လမ်းကြမ်းတမ်းလှ၏၊

ဝမ်းနည်းခြင်းလည်း မုန်တိုင်းသို့ပေ၊ ကျွန်ုပ်၏ ဝိညာဉ်ကို လွှမ်းသည်။

ထပ်ဆို

ထိုခါ ကျောက်တော်သို့ ပြေးစေပါ၊ ကျွန်ုပ်ထက်မြင့်လှသော ကျောက်တော်သို့၊

ထိုခါ ကျောက်တော်သို့ ပြေးစေပါ၊ ကျွန်ုပ်ထက်မြင့်လှသော ကျောက်တော်သို့။

၂။ တစ်ခါတစ်ရံ နေ့တာရှည်ပေ၊ တစ်ခါတစ်ရံ ခြေလှမ်းလေးသည်၊

လောက အသက်လမ်းလျှောက်စဉ်ပေ၊ ကျောက်တော် အရိပ် သာယာလှ၏။

၃။ ကျောက်တော်နားမှာ နေပါရစေ၊ ကောင်းစားဒုက္ခရောက်သည်ဖြစ်စေ၊

တောင်စောက်လမ်းကို တက်သည်ဖြစ်စေ၊ မှောင်မိုက် ချိုင့်တွင် လျှောက်သည် ဖြစ်စေ။