ဖြောင့်မတ်မည်ကျူး

၁။ ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်၊

ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်၊

ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့် ပြည့်မည်၊

ပင်ပန်းခံရန်များသောကြောင့် ရဲရင့်မည်၊

ပင်ပန်းခံရန်များသောကြောင့် ရဲရင့်မည်။

၂။ မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်၊

စွန့်ကြဲကြောင်းမေ့လျက်၊ စွန့်ကြဲပေးကမ်းမည်၊

ကိုယ်အားနည်းကြောင်း ကိုယ်သို၍ စိတ်နှိမ့်ချမည်၊

ရွှင်လန်းချစ်ခင်၊ မျှော်ကြည့်လျက် ထူပင့်မည်၊

ရွှင်လန်းချစ်ခင်၊ မျှော်ကြည့်လျက် ထူပင့်မည်။