ကောင်းကြီးရေတွက်ကျူး

Verse 1

V1 မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ၊

မျှော်လင့်ခြင်းကင်း စိတ်ပျက်ခြင်းကို ခံရလျှင်၊

ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ၊ ပြုတော်မူသော ကျေးဇူးတော် အံ့ဩလိမ့်မည်။

Cho ကောင်းချီးတစ်ခုနောက်တစ်ခု ရေတွက် ပြုတော်မူသော ကျေးဇူးတော် ရေတွက်၊

ကောင်းချီး ရေတွက် တစ်ခုနောက်တစ်ခု ပြုတော်မူသော ကျေးဇူးတော် ရေတွက်။

V2 ကြောင့်ကြ ဝန်ထုပ်ကို သင်သည် ထမ်းရသလား၊

သင်ထမ်းရသော လက်ဝါးကပ်တိုင်လေးသလား၊

ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ၊ ယုံမှားခြင်းကင်း သီချင်းကို သင်ဆိုလိမ့်မည်။

V3 ကောင်းစားသောသူများကို သင်သည် မြင်သောခါ၊

ကိုယ်တော်ထားသော ကတိတော်ကို အောက်မေ့ပါ၊

ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ၊ စည်းစိမ်ဖြင့် ကောင်းကင် ချမ်းသာ မဝယ်နိုင်ပါ။

V4 ဆင်းရဲဒုက္ခမျိုးမျိုးကို ခံရသောခါ၊ စိတ်မပျက်ရာ ကိုယ်တော်ကိုသာ အားကိုးပါ၊

ခံစားရာ ကောင်းချီးမင်္ဂလာရေတွက်ပါ၊ လမ်းဆုံးတိုင်အောင် သင့်ကို စောင့်မပို့ဆောင်မည်။

သစ္စာရှင်ယေရှု

၁။ သက်ရှင်ထင်ရှားစဉ်ခါ လူသား အပေါင်းမှာ ဒုက္ခဆင်းရဲခြင်းနှင့် သုခချမ်းသာခြင်းများ

ဒွန်တွဲလျက်တွေ့ရမည်မှာ၊ ဧကန်အမှန်ပါ၊

ဒုက္ခနှင့် တွေ့လာကာ ကျွန်ုပ်အတွက်မှာ သုခဟူသည် မသိ၊ စိတ်ချမ်းသာခြင်းမရှိ၊

မျှော်လင့်ခြင်းနှင့် ကင်းဝေးလျက် သက်ရှင်လျက်ရှိပေ။

၂။ ဝမ်းနည်းခြင်း လှိုင်းလုံး ရိုက်ခတ်သောအခါ၊ မစမည့် ဆွေအများ

ဝေးရာသို့ ရှောင်ခွါသွား၊ သို့ငြားလည်း ကျွန်ုပ်တွက် မျှော်လင့်ချက် ရှိပေသည်၊

ယေရှုရှင်သာလျှင် ကောင်းဆုံး သစ္စာရှင်၊ ကျွန်ုပ် သိရှိခဲ့ပြီ၊

အိုကျေးဇူးအရှင် သက်တာတလျှောက်လုံးမှာ ကျွန်ုပ်ဆက်ကပ်ပါ၏၊

အလိုတော်ရှိရာကိုသာ ခိုင်းစေတော်မူပါ။ (ရှင်ဘုရား)