ရပ်တန့်ခေါ်ကျူး

၁။ ယေရှုတပ်သား၊ သင်းဝင်သူများ၊ နားစွင့်ကြကုန်စေ၊

ယေရှုနိုးသံ ချိုလှဝန်ခံ၊ စိတ်နှလုံးသွင်းလေ။

ထပ်ဆို

ရပ်တန့်ကုန်လော့၊ စစ်ချီသွားသော်၊ အောင်ခွင့်ငါပေးမည်

စစ်သူရဲဘော် တိုးစေကုန်လော့၊ ငါသင်တို့ဘက်ရှိ။

၂။ လောကပျော်ရာ ဒုစရိုက်များ လျင်စွာ ပယ်ပါဉီး၊

စစ်တန်ဆာများ သံခမောက်၊ ဓား စရှိများကို ယူ။

၃။ အားမကုန်ဘဲ၊ စိတ်မပျက်လွယ် စဉ်မပြတ်တိုက်လေ၊

ငါတို့ဘက်တွင် ယေရှုပါစဉ်၊ ဘယ်သို့ ပူအံ့ချေ။

၄။ ကြာမမြင့်မီ ကျေးဇူးရှင်ကြီး၊ သာဓုခေါ်မူခါ၊

အောင်ဆု အောင်ပန်းထူးမြတ်ယူရန်၊ ယေရှုပေးဖွယ်ရာ။