ယေရှုဖို့ထကြကျူး

၁။ ယေရှုဖို့ ရပ်လျက်တိုက်ကြ၊ ကားတိုင်စစ်သူရဲများ၊

အလံတော်ကို ချီးမြှောက်ကြ ရှုံးခြင်းမခံစေရာ။

အောင်မြင်ခြင်းမှ အောင်ခြင်းသို့ တပ်တော်ဆောင်ပို့မူမည်၊

ရန်သူတိုင်း ရှုံးသည်တိုင်အောင်၊ ဗိုလ်ချုပ်ယေရှုတိုက်မည်။

၂။ ထွက်ကြ ယေရှုဖို့ တိုက်ကြ၊ တံပိုးမှုတ်သံနားထောင်၊

စစ်ပွဲတွင် တိုက်ရန် ချီသွား၊ ဤနေ့တွင် စစ်ပွဲအောင်၊

တပ်တော်တွင် စစ်မှုထမ်းကြ၊ ရန်သူတို့များပြားလှ၊

ဘေးရောက်သည်ခါ ရဲရင့်ပါ၊ အားချင်းဆိုင်၍ တိုက်ကြ။

၃။ ထကြ ယေရှုဖို့ တိုက်ကြ၊ ကိုယ်တော်မြတ်အားနှင့်သာ၊

သင်၏ အားကို ကိုးစားလျှင်၊ ဧကန်ရှုံးမည် မှတ်ပါ၊

ဧဝံဂေလိ ဒိုင်းလွှားဆောင်၊ ဆုတောင်းလျက်စောင့်နေပါ၊

ဆောင်ရွက်ရန်အမှုရှိလျှင်၊ အစဉ်အသင့်ရှိရာ။