ကောင်းပေသည်ကျူး
Verse 1
ငြိမ်သက်ခြင်း မြစ်လို ကျွန်ုပ်ကို လမ်းပြသည်
ဝမ်းနည်းခြင်းပင်လယ်လှိုင်းလိမ့်လို
ကိုယ်တော်ကျွန်ုပ်အား သင်သောအရာများသည်
ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဉ်ဖို့
Chorus 1
ကောင်းပေသည်၊ ဝိညာဉ်ဖို့
ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဉ်ဖို့
Verse 2
စာတန်နှောင့်ယှက်၍ စုံစမ်းခြင်း ရောက်သော်လည်း
ကတိတော်မြတ်တည်မြဲပါစေ၊
ခရစ်တော် ကျွန်ုပ်အားနည်းခြင်းထောက်ရှုပြီ
ကျွန်ုပ်ဝိညာဉ်ဖို့ သွေးတော် သွန်းလေ
Verse 3
အိုအံ့ဖွယ်ချစ်ခြင်း မေတ္တာတော်အောက်မေ့သော်
ငါ၏ အပြစ်အားလုံးတို့ပင်၊
ငါမှ လွတ်ရှင်းကွာဆွဲခြင်းခံ တိုင်တော်ပေါ်
ကိုယ်တော်အား ချီးမွမ်းလော့၊ ငါ့ဝိညာဉ်
Verse 4
နောက်ဆုံးနေ့၌ ကိုယ်တော်သက်ဆင်းကြွသောခါ
မိုးတိမ်ရီမှောင် လွင့်ပျောက်လိမ့်မည်၊
ကိုယ်တော် ဤလောကသို့ ဆင်းသက်ကြွလာရာ
ကျွန်ုပ်ဝိညာဉ်ဖို့ ကောင်းလှပေသည်