ချီးမွမ်းသီချင်းကျူး
၁။ ငြိမ်းခြင်းပြည့်စုံလော့၊ ပြစ်လောကမှောင်မှာ၊
စိတ်ထဲယေရှုသွေး၊ ဖြည်းညှင်းစွာ ပြောကြား။
၂။ ငြိမ်းခြင်းပြည့်စုံလော့၊ မျိုးမျိုး ရှုပ်ထွေးသည်၊
ယေရှုလိုတော်လိုက်ရာ ချမ်းသာ မှန်ပြီ။
၃။ ငြိမ်းခြင်းပြည့်စုံလော့၊ ဒုက္ခလှိုင်းတိုက်လျက်၊
ယေရှုရင်တော်တွင်လျှင်၊ တွေ့မည် ငြိမ်သက်။
၄။ ငြိမ်းခြင်းပြည့်စုံလော့၊ ချစ်သူကွာဝေးလျှင်၊
ယေရှုစောင့်ထိန်းစဉ်၊ ဘေးကင်းသူငါပင်။
၅။ ငြိမ်းခြင်းပြည့်စုံလော့၊ အနာဂတ်မသိ၊
ယေရှုရှင်ကို သိ၊ ပလ္လင်တော်ပေါ်ရှိ။
၆။ ငြိမ်းခြင်းပြည့်စုံလော့၊ သေမင်းရိပ်ဖုံးစဉ်၊
သေမင်းတန်ခိုးများ အောင်ပြီ ယေရှုရှင်။
၇။ တန်ပြီ၊ လောကမှုရေး ငြိမ်းမည်မကြာ၊
ခေါ်မည်၊ ယေရှု ကောင်းကင် ငြိမ်းခြင်းစံရာ။ အာမင်၊