အိုယေရှုရှင် ကိုယ်တော်မြတ်သည်ကျူး

၁။ အိုယေရှုရှင် ကိုယ်တော်မြတ်သည်၊ အသက်သခင် အလင်းဖြစ်၏၊

ပေးတော်မူသော ဆုမင်္ဂလာ၊ ကိုယ်တော်ရှင်အား ပြန်ဆက်လိုပါ။

၂။ သစ္စာတော်သည် အမြဲတည်၏၊ ဆုတောင်းသူကို ကယ်တော်မူသည်၊

ကိုယ်တော်ကို ရှာသူတို့သည်လည်း၊ ကိုယ်တော်ရှင်ကို တွေ့ကြရ၏။

၃။ အသက်ရှင်သော မုန့်မြည်းစမ်းပြီ၊ ထိုမုန့်ကိုပင် စားလိုပါ၏၊

အသက်ရေကိုလည်း သောက်ရပြီ၊ ထိုရေကိုပင် သောက်လိုပါသည်။

၄။ မမြဲဘဝမှာနေစဉ်တွင် ကိုယ်တော်ရှင်ကို တောင့်တမျှော်လင့်၊

ပြုံးရွှင်မျက်နှာဖူးရ ဝမ်းသာ ယုံကြည်မြဲက ကောင်းချီးမှန်ရ။

၅။ အိုယေရှုရှင် အစဉ်နေပါ၊ သက်တာြငိမ်သက် ထွန်းလင်းစေပါ၊

အပြစ်ကို ဖယ်ရှင်းပြီးသောခါ၊ ရောင်ခြည်တော်ဖြင့် ထွန်းလင်းစေပါ။ အာမင်။