ကိုယ်တော်၌ ဝမ်းမြောက်လော့ကျူး

Verse 1

စိတ်နှလုံး ဖြောင့်မတ်သောသူတို့၊ ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ

ကိုယ်တော်မြတ်ကို ယုံကြည်သူတို့၊ ဝမ်းနည်းပူပန်ခြင်း ပယ်ရှောင်ချေ

Chorus 1

ဝမ်းမြောက်၊ ဝမ်းမြောက် ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ

ဝမ်းမြောက်၊ ဝမ်းမြောက် ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ

Verse 2

ဝမ်းမြောက်ကြလော့ ကိုယ်တော်မြတ်သည် မြေပေါ် ကောင်းကင်ထက် အုပ်စိုး၏

နှုတ်ကပတ်တော်မြတ်အားဖြင့်၊ သာအုပ်စိုးစီရင် ကယ်တင်မူလာ

Verse 3

အမှန်ဖို့ရာ စစ်တိုက်သောခါ၊ မာရ်နတ်သည် အောင်မြင်လုသော်လည်း

ကိုယ်တော်မြတ်၏ စစ်ဗိုလ်ပါများ၊ ရန်သူတို့ထက်များ လှသတည်း

Verse 4

နေ့ချိန်မှောင်မိုက် ဝိုင်းဝန်းသဖြင့်၊ ညချိန် မိုးတိမ်ဖုံး အုပ်သော်လည်း

သင့်ဝိညာဉ် ကြောက်ရွံ့ခြင်းနှင့်ကင်း၊ ဘေးရန်လွန်သည်တိုင်အောင်ယုံရမည်

Verse 5

ကိုယ်တော်မြတ်၌ ဝမ်းမြောက်အေးကျူး၊ ချီးမွမ်းထောမနာ ပြုကြလေ

တူရိယာမျိုးမျိုးနှင့်အေးကူး၊ ဟာလေလုယသီချင်းဆိုချေ