နှုတ်ဖြင့် မြွက်ဆိုမမီကျူး

၁။ ယေရှု ကျွန်ုပ်ကို ချစ်သည်မှာ ဝိညာဉ်အပြစ်မှ လွှတ်ခြင်းငှာ၊

တိုင်ပေါ်တွင် ခံသွေးတော်သွန်းရာ၊ နှုတ်ဖြင့် မြွက်ဆိုမမီ။

ထပ်ဆို

ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာ၊ နှုတ်ဖြင့် မြွက်ဆိုမမီနိုင်ရာ၊

ယေရှုကျွန်ုပ်အား ချစ်သည်ကို နှုတ်ဖြင့် မြွက်ဆိုမမီ။

၂။ ကျွန်ုပ်အသက်ရှင် စေလိုငှာ၊ ဝမ်းနည်း ဒုက္ခခံပါတကား၊

ဆူးရစ်ခေါင်းတော်မြတ်ပေါ်တင်ရာ၊ နှုတ်ဖြင့် မြွက်ဆိုမမီ။

၃။ ပလ္လင်တော်ဝယ်ရှေ့ဆောင်သခင် ကိုယ်တော်မြတ်၌ ငြိမ်သက်သာခြင်း၊

အသွေးတော်မြတ် ကုသိုလ်တော်ပင်၊ နှုတ်ဖြင့် မြွက်ဆိုမမီ။

၄။ အနီးတွင် နေလျှင် ဝမ်းမြောက်ခြင်း၊ ကြောက်ရွံ့ခြင်းကင်းသော ငြိမ်သက်ခြင်း၊

မျှော်လင့်ခြင်း ထူးသဖြင့် ကြည်လင်၊ နှုတ်ဖြင့် မြွက်ဆိုမမီ။