လာဝမ်းနည်းသူကျူး

၁။ ဝမ်းနည်းပင်ပန်းသူလာ၊ ဘယ်ရပ်မှာမဆို၊

ကရုဏာ ပလ္လင်သို့ ချဉ်းကပ်ဒူးထောက်၊ ပူပန်စိတ်ကို ယူလာ၊

ဝမ်းနည်းခြင်း ပြောဆို လောကဝမ်းနည်းခြင်းကို ကောင်းကင် ပယ်ဖျောက်။

၂။ စိတ်ပျက်သူ ဝမ်းမြောက်ရာ လမ်းလွဲသူ အလင်း၊

နောင်တရသူ မျှော်လင့်ရာ ယေရှုရှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၊

ဖြည်းညှင်းစွာခေါ်နေ၊ လောကဝမ်းနည်းခြင်း ကောင်းကင် ချမ်းသာပေး။

၃။ ထက်ကောင်းကင်ပလ္လင်တော်မှ စီးထွက်လာသော

သက်စမ်းရေနှင့် မုန့်ကို ကြည့်ရှုကြလော့၊ ချစ်ခြင်းပွဲတော်သို့လာ၊

အစဉ်ပင်သိမှတ်၊ လောကဝမ်းနည်းခြင်း ကောင်းကင် ပျောက်စေတတ်။ အာမင်။