ဟာလေလုယ မှုပြီးပြီကျူး

၁။ သားတော်ရှင် သခင်ယေရှုကို ယုံကြည်သူအား၊

ဘုရားသခင် ကယ်တင်ရာလမ်း ဖွင့်ပေးသနား၊

ထပ်ဆို

ဟာလေလုယာ မှုပြီး၊ သားတော်မြတ်ကို ယုံကြည်

သတ်ခြင်းခံ သွေးတော်ဖြင့် ငါ့ကို ကယ်မူပေ။

၂။ လမ်းခရီးကျဉ်းမြောင်း၍ ဘေးရန်များပြားသော်လည်း၊

ယေရှုသည် ငါ့ကို အမှန် ပို့ဆောင်နိုင်မူသည်။

၃။ ချစ်သူအများ ကောင်းကင်ဘုံ ပလ္လင်မြတ်ရှေ့မှာ၊

ဘုန်းတော်မြတ်ဖြင့် ကယ်တင်ခံခြင်း၊ သီချင်းဆိုကြ။

၄။ သူငယ်အများ ကိုယ်တော်ရှေ့ရပ်နေ၊ ငါတွေ့လေ၊

အောင်ပွဲသီချင်းကို ဆိုသော်၊ ကိုယ်တော်ပြုံးမူပေ။

၅။ ရွှေစင်ခင်းသော လမ်းမပေါ်တွင် သီချင်းဆိုစဉ်၊

ရှေးပရောဖက်နှင့် ဘုရင်များကို ငါတွေ့မြင်။

၆။ သင်နှင့် ကျွန်ုပ် ကိုယ်တော်မြတ်ကို ချီးမွမ်းခြင်းဖို့၊

အစဉ်မပြတ် သီချင်းဆိုလျက် ကျူးအေးကြစို့။