ကျောက်မြဲကျူး

Verse 1

ငါ့မျှော်လင့်ခြင်းအမြစ်တည်ရာ၊ ခရစ်တော်၏ အသွေးမြတ်သာ၊

ငါ၏ ကျင့်ဝတ်မှီဖွယ်မရှိ၊ နာမတော်ကုသိုလ်အောင်သတည်း

Chorus 1

ကျောက်မြဲခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာ ရှိရှိသဲနုံး၊

အခြားတည်ရာ ရှိရှိ သဲနုံး

Verse 2

ရွှေမျက်နှာတော်အလင်း ကွယ်လျှင် တည်မြဲကရုဏာတော်ခိုဝင်၊

လေပြင်းကျ၍ လှိုင်းထလျှင်လည်း၊ ကုလားကာထဲ ကျောက်စွဲနေမည်

Verse 3

ရေလွှမ်းအားကြီး ပတ်လည်ပြိုသော်၊ ကတိပဋိညာဉ်နှင့် သွေးတော်

ငါ့ကို ထောက်မ ကိုယ်တော်သာလျှင် ငါမျှော်လင့်ခြင်း၊ မှီဝဲရာပင်