ကိုယ်တော်ကို တောင့်တပါ၏ ကျူး
Verse 1
ကျေးဇူးတော်ကို အလျင်းမခံထိုက်ငြားသော်လည်း၊
ကိုယ်တော်မြတ်ကိုသာလျှင် ကျွန်ုပ် တောင့်တပါ၏
Verse 2
ကျွန်ုပ်နှလုံးအတွင်း ကိုယ်တော်ပြုပြင်မှသာ
ငြိမ်းအေးခြင်းချမ်းသာပင် ရနိုင်ပါ၏၊ ဘုရား
Verse 3
ကိုယ်တော်စိတ်အေးခြင်းကို မပေးတော်မူခဲ့လျှင်၊
ကျွန်ုပ်ဘယ်ရပ်မဆို မတွေ့နိုင်ပါ သခင်
Verse 4
မေတ္တာတော်မြတ်၌သာ စိတ်အေးခြင်း တွေ့ရှိရာ၊
ထိုဆုကို ကျွန်ုပ်အား သနားမူပါ ဘုရား