ကိုယ်တော်ကိုသာ၍ ချစ်ခြင်းကျူး

Verse 1

ကိုယ်တော်ကို ချစ်နိုင်မည်၊ ခရစ်တော်ရှင်၊ စိတ်ပါလျက်နှင့် တောင်းသည်၊

နားညောင်းသခင်၊ ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည် ရှင်မြတ်၊

ကိုယ်တော်ကိုသာ ချစ်စေမူပါ။

Verse 2

လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊ ခန္ဓာအကျိုးကိုရှာ၊

ဝိညာဉ်ကိုမေ့၊ ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊

ကိုယ်တော်ကိုသာ ချစ်စေမူပါ။

Verse 3

ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊ အလိုတော်နှင့်အညီ

ဖြစ်စေမြတ်စွာ၊ ထိုဒုက္ခအားဖြင့်လည်း အကျိုးတိုးပွားနိုင်မည်၊

ကိုယ်တော်ကိုသာ ချစ်စေမူပါ။

Verse 4

ထိုသို့ပြုပြင်မူလျှင် မြတ်စွာဘုရား၊ နောက်ဆုံးရှုလျက်သက်ညှင်း

ဝမ်းမြောက်အားရ၊ ဘဝပြောင်းစဉ်တွင်ပင်၊ ဆုတောင်းဦိးမည် ပျော်ရွင်၊

ကိုယ်တော်ကိုသာ ချစ်စေမူပါ