ကိုယ်တော်ကိုသာ၍ ချစ်ကြောင်းသိသည် ကျူး
Verse 1
လောကီ စည်းစိမ် မျိုးမျိုးတို့ထက် ကိုယ်တော်ကိုသာ ချစ်သည်၊
မပျက်စီးနိုင် ငြိမ်သက်ခြင်းကို ပေးတော်မူသောကြောင့်တည်း
Chorus 1
ချစ်ခြင်းမေတ္တာတော်ကြောင်းစကား တစ်ဝက်ကိုမျှ မမီ၊
သွေးတော်ဖြင့် ဆေးကြောကြောင်း ပြောသော်၊ တဝက်ကိုမျှမမီ
Verse 2
လောကီ မိတ်ဆွေ အပေါင်းတို့ထက်၊ ကိုယ်တော်သာ၍ နီးချေ၊
ချိုသော သီချင်းထက် ကိုယ်တော်ကို အောက်မေ့ခြင်းသာ ချိုပေ
Verse 3
အကျွန်ုပ်အား ဝမ်းမြောက်စေပြီ၊ ထိုကြောင့် မြဲဝမ်းသာသည်၊
ချစ်ခြင်း မေတ္တာတော် မရှိလျှင်၊ အမှန်စိတ်ပျက်လိမ့်မည်
Verse 4
သက်တာတွင် ကိုယ်တော်ပါခြင်းဖြင့်၊ ဤ မျှရွှင်လန်းစေလျှင်၊
ကိုယ်တော်မြတ်ကို ဖူးမြင်ခြင်းသည် ဘယ်လောက်ကြီးသော အခွင့်