ပတ္ထနာကျူး
၁။ လောကီကောင်းကျိုးကို အိုအဘ အလိုတော် ပယ်သော်လည်း၊
မဟာကျေးဇူး ပလ္လင်တော်ပါး၊ ဤသို့ လျှောက်ထားလို၏။
၂။ ကျေးဇူးတင်တတ်သော စိတ်နှလုံး မြည်တမ်းခြင်း ကင်းသာယာ၊
အလိုတော်ကို အသက်ထက်ဆုံးလိုက်နိုင်သော စွမ်းခွန်အား။
၃။ သေချိန်တိုင်လျှင်၊ ရွှေမျက်နှာတော် ရောင်ခြည်ကို ခံစံစား၊
မျှော်လင့် တည်ကြည်ငြိမ်သက် သဘော ပေးတော်မူပါ၊ ဘုရား။ အာမင်