ဖြည်းညှင်းစွာ လမ်းပြကျူး

၁။ ချစ်သိုးထိန်းရှင် ဖြည်းညှင်းစွာ လမ်းပြပါ၊

စိမ်းလန်းကျက်စားရာ စမ်းရေ နား သာယာ၊

ကျွန်ုပ်အား မပြတ်စောင့်ထိန်းစဉ်ခါ၊ ဘယ်ခါမျှ လမ်းမလွဲရာ။

ထပ်ဆို

ဘယ်သောခါမျှ ကိုယ်တော်ရှင် အသက်လမ်းဖြစ်သောကြောင့်သာ၊

ဘယ်သောခါမျှ ထံတော်မှ လမ်းမလွဲရာ။

၂။ ကောင်းကင်ကို မိုးတိမ်၊ ရီမှောင်အုပ်သောခါ၊ ကြောက်မက်ဖွယ် မုန်တိုင်းကျ၍၊

လေပြင်းတိုက်လာ၊ နှုတ်ကပတ်တော်အလင်း ကျွန်ုပ်လမ်းပြ၊ ဘယ်ခါမျှ လမ်းမလွဲရာ။

၃။ ကျွန်ုပ်တို့အားနည်း ကိုယ်တော်စွမ်းကြီးပါ၊ အဆုံးတိုင်တည်ကြည်ရန်၊

ကြည့်ရှုစောင်မ သိုးခြံတွင် ဘေးလွတ်ကင်းကျူးအေး ချိုသာ၊ ဘယ်ခါမျှ လမ်းမလွဲရာ။