ကယ်တင်ရှင်နှင့် နေမည်အစဉ်ကျူး
Verse 1
ကယ်တင်ရှင်နှင့် နေမည်အစဉ်၊ လျှောက်ရာလမ်းတွင် ကြောက်သောခါ၊
ထံတော်ပါးတွင် လက်ခံမူလျှင်၊ လက်တော်ဖြင့် ပွေ့ပိုက်မူပါ၊
Chorus 1
ကြောက်ခြင်းစိတ်နှင့် ကင်းလွတ်မည် ကိုယ်တော်ရှိရာ ပို့ဆောင်လျှင်
ခြေတော်ရာကိုသာ လိုက်လျှောက်မည် ညည်းတွားခြင်း စိတ်မျိုးကင်းရှင်း
Verse 2
ကယ်တင်ရှင်နှင့် နေမည်အစဉ်၊ ယုံကြည်ခြင်းအားနည်းလှပါ၊
နှစ်သိမ့်စေသော ဖြည်းညှင်းအသံ ကိုယ်တော်သာ မိန့်မြွက်နိုင်ရာ
Verse 3
ကယ်တင်ရှင်နှင့် နေမည်အစဉ်၊ သွားရာလမ်းတွင် လျှောက်သောခါ၊
လေပြင်းထကြွစဉ်အခါတွင် ခါခပ်သိမ်းနေရန် တောင့်တ
Verse 4
ကယ်တင်ရှင်နှင့် နေမည်အစဉ်၊ မျက်စိတော်ဖြင့် လမ်းပို့ဆောင်၊
ယော်ဒန်ချိုင့်ထဲသို့ ရောက်ရလျှင်၊ ယော်ဒန်မြစ်ကူးသည် တိုင်အောင်