ယုံကြည်အားကိုးခြင်းကျူး

၁။ လမ်းပြမူပါ၊ ခြေလှမ်းမ မှား စိမ့်ငှါ၊

သက်ရှင်လမ်းတွင် ကြောက်မက်ဖွယ်ဘေးရန်များ၊

လမ်းပြမူပါ၊ လမ်းကို မမြင်နိုင်ပါ၊ ကိုယ်တော်အပါး၊ ကျွန်ုပ်ကို လျှောက်စေပါ၊

ထပ်ဆို

အိုကယ်တင်ရှင် လက်ကို ကိုင်ဆွဲမူပါ၊ ကိုယ်တော်ခြေလှမ်း

ကျွန်ုပ်ကို လမ်းပြပါ၊ အသက်လမ်းသည် ပြောင်းလဲ၍

မှောင်မိုက်လှ၊ ကိုယ်တော်နှင့် လျှောက်လျှင် ဘေးရန် မျိုးနှင့်ကင်း။

၂။ လွန်ခဲ့နှစ်များ၊ ပြစ်မျိုးတွင် လျှောက်ခဲ့ပြီ၊ ဝမ်းနည်းမျက်ရည် ကိုယ်တော်သိမြင်လေပြီ၊

ညိုးငယ်စိတ်ဖြင့် သံတော်ကြားရခဲ့ပြီ၊ တုန်လှုပ်သောလက်၊ ကိုယ်တော်၌ အပ်ထားမည်။

၃။ ကိုယ်တော်ရှိလျှင် လောကတါင် ဘေးရန်ရှင်း၊

ကြောက်မက်ဖွယ်သော ဒုက္ခမှ စဉ်လွတ်ကင်း၊

သွေးဆောင်ခြင်းများ၊ ကျွန်ုပ်အောင်မြင်ခဲ့ပြီ၊ ဘယ်ဘေးမဆို ကိုယ်တော်၌ လုံခြုံရှိ။