ထလော့ ဘုရားသခင်၏ လူများကျူး

၁။ ထလော့ ဘုရားလူများ လောကီမှုများ ဖယ်ရှား၊

ဘုရင့်ဘုရင်မှုတော်ဆောင်ရာ၊ ဉာဏ်စွမ်းသတ္တိသုံးပါ။

၂။ နိုင်ငံတော်လျှင်မြန်စွာ တည်ထောင်နိုင်စေဖို့ရာ၊

မိစ္ဆာအမှား ကွယ်ပျောက်သွားအောင်၊ ယခုထ၍ မှုဆောင်။

၃။ သင့်ကို အသင်းတော်သည် စောင့်မျှော်၍ နေခဲ့ပြီ၊

ခွန်အားနည်း၍ တာဝန်များမြောင်၊ တန်ခိုးတိုးအောင် လုပ်ဆောင်။

၄။ ကားတိုင်တော်ကို ထူမြှောက်၊ ခြေတော်ရာကို လိုက်လျှောက်၊

ကိုယ်တော်ရှင်၏ ညီများကဲ့သို့၊ ထကြွလုပ်ကိုင်ကြစို့။ အာမင်