ကိုယ်တော်ဘက်မှာ ဘယ်သူရှိသနည်းကျူး

Verse 1

ကိုယ်တော်ရှင်၏ ဘက်မှာ မှုတော်ဆောင်ခြင်းငှါ၊ အသက်ကယ်တင်ဖို့ရာ၊

ဘယ်သူရှိသနည်း၊ ရန်သူကို ခုခံရန် ဘယ်သူရှိသနည်း။

စေခိုင်းရာသို့ သွားဖို့ ဘယ်သူရှိသနည်း၊ ကရုဏာတော် မေတ္တာ

ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်

Verse 2

တပ်တော်ထဲ ဝင်သောခါ ဂုဏ်စည်းစိမ်ချမ်းသာ၊ ခံစားလိုသောကြောင့်သာ၊

စစ်သားမလုပ်ပါ၊ ကိုယ်တော်ရှင်၏တွက်တာ၊ မေတ္တာနှင့်မစ၊

နာမတော်ခံသူသည် ကိုယ်တော်ဘက်သားတည်း၊ ကိုယ်တော်ရှင်၏ မေတ္တာ၊

ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်

Verse 3

ရန်သူသည် ခွန်အားကြီး၊ စစ်ပြင်းထန်သော်လည်း၊ ဘုရင့်တပ်တော်မြတ်သည်၊

ရှုံးခြင်းမရှိပြီ၊ အလံတော်မြတ်အောက်မှာ၊ ဧကန်အောင်မြင်ရာ၊

မြဲမြံသစ္စာတော်သည် အောင်မြင်စေလိမ့်မည်၊ ဝမ်းမြောက်ဝမ်းသာလှစွာ၊

ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်

Verse 4

ရန်သူနိုင်ငံထဲမှာ စစ်ဗိုလ်ကြီးအောက်မှာ၊ စစ်သားဖြစ်စိမ့်သောငှာ၊

ရွေးကောက်ခြင်းခံရ၊ မှုတော်ဆောင်ရွက် စဉ်ခါ၊ စိတ်အားသန်စေပါ၊

သစ္စာနှင့် ရဲရင့်စွာ မှုတော်ဆောင်သင့်ပါ၊ ကိုယ်တော်ရှင် စောင့်မပါ၊

ကျေးဇူးတော်ကြောင့်သာ၊ ကိုယ်တော်ရှင်၏ ဘက်မှာ ကျွန်ုပ်တို့ ရှိသည်