ကိုးစား၍ နားထောင်သီချင်း

Verse 1

နှုတ်ကပတ် အလင်းတွင် ယေရှုနှင့် လျှောက်သွားစဉ်၊

ငါတို့လမ်းထွန်းလင်းစေတော်မူသည်၊ အလိုတော်ကို လိုက်လျှင်

အတူရှိမည်အစဉ်၊ ကိုးစား၍ နားထောင်လျက်နေရမည်

Chorus 1

ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊

ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ

Verse 2

ငါတို့၏ လေးသောဝန် ဆင်းရဲ ဒုက္ခခံဖို့

ကိုယ်တော်၏ ကျေးဇူးမြတ်လောက်ပေ၏၊

ငါတို့ ကြောက်လန့်စေရန် စာတန်နှောင့်ယှက်ရာကို

ကိုးစားနားထောင်ခြင်းဖြင့် ပျောက်စေမည်

Verse 3

သို့သော်လည်း ငါတို့၌ ရှိသမျှသောအရာ

ကိုယ်တော်လက်၌ အပ်ထားကြရမည်၊

ကိုယ်ကို မအပ်နှံလျှင်၊ ဆုကျေးဇူးတော်အများ၊

ငါတို့အလျင်းမခံစားနိုင်ကြ

Verse 4

ငါတို့သည် ယေရှုနှင့် မိတ်သဟာယဖွဲ့လျှင်

ကိုယ်တော်နှင့်အတူ သွားလာကြမည်၊

မိန့်တော်မူသည်အတိုင်း သွားလာဆောင်ရွက်ပါမည်၊

မကြောက်ဘဲ ကိုးစားလျက် နားထောင်မည်