ကိုယ်တော်အား အကောင်းဆုံးကို ပေးပါကျူး

Verse 1

ပျိုရွယ်စဉ်ခါ သင်၏ ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊

သစ္စာဘက်မှာ စစ်တိုက်သောခါ၊ ဝိညာဉ်စိတ်အားကြီးခြင်းပြ၊

ယေရှုရှင်သည် ပျိုရွယ်စဉ်ခါ၊ ပြသော ပုံစံကို လိုက်ပါ၊

သစ္စာနှင့်မှုတော်ဆောင်ရွက်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ

Chorus 1

ပျိုရွယ်စဉ်ခါ သင်၏ ခင်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊

ကယ်တင်ခြင်းစစ်တန်ဆာဆင်ပါ၊ သစ္စာဘက်က ဝင်တိုက်ပါ

Verse 2

အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ စိတ်နှလုံးကြွင်းမဲ့ချစ်ပါ၊

ကိုယ်တော်ဖို့သာ မှုတော်ဆောင်ပါ၊ ရှိသမျှကို ပူဇော်ပါ၊

လှူလျှင်သင်သည် ရပြန်လိမ့်မည်၊ သားတော်ကိုပင် ပေးခဲ့ပြီ၊

ကျေးဇူးတင်လျက် မှုတော်ဆောင်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ

Verse 3

အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ ခြားအရာမထိုက်တန်ပါ၊

ကောင်းကင်ဘုးန်ကို စွန့်ပစ်ပြီးခါ၊ သင့်ကို ကယ်ရန် မြေပေါ်လာ၊

ပျက်စီးခြင်းမှ ကယ်တင်ဖို့ရာ၊ မညည်းတွားဘဲ သက်စွန့်ရှာ၊

စိတ်ဝိညာဉ်နှင့်သာ ကိုးကွယ်ရာ၊ အမြတ်ဆုံးသာ ပူဇော်ပါ