သစ္စာနှင့် စောင့်နေကျူး

၁။ ရှင်ယေရှု ကြွလာတော်မူပြန်သောခါ၊ နေ့ညဘယ်အချိန်မဆို၊

သစ္စာနှင့် ငါတို့စောင့်နေကြသလား၊ မီးခွက်များကို ပြင်လျက်နှင့်။

ထပ်ဆို

အိုငါတို့ အသင့်ရှိနေကြသလား၊ ဝိညာဉ်စံရာ အိမ်တော်ဖို့၊

ငါတို့စောင့်နေခြင်း ကိုယ်တော်တွေ့မည်လား၊

စောင့်လျက် ကိုယ်တော်ကြွလာခြင်း စောင့်လျက်။

၂။ တစ်ယောက်နောက်တစ်ယောက် ကိုယ်တော်‌ ခေါ်မူလျှင်၊

မိုးလင်းအာရုဏ်တက်ချိန်ခါ၊ အပ်ထား ဘဏ္ဍာ ကိုယ်တော်ထံ ပြန်ဆက်လျှင်၊

သာဓုခေါ်တော်မူမည်လား။

၃။ မှတ်ထားမူရာ ငါတို့ပြုကြပြီလား၊ ခွန်အား သတ္တိရှိသမျှ၊

ငါတို့၏ စိတ်ပြစ်တင်ခြင်းမှကင်းသော်၊ ငြိမ်သက်ချမ်းသာခြင်းရမည်။

၄။ စောင့်နေသူများ မင်္ဂလာရှိစေသော၊ ဘုန်းတော်ဝင် စံစားရမည်၊

နေ့ချိန်သန်းခေါင်ချိန် ဖြစ်စေလာသော်၊ စောင့်နေလျက်တွေ့လိမ့်မည်လား။