နေ့ရက်များ လွန်သွားစဉ်ကျူး

၁။ ညှိုးငယ်သောသူများကို မစ၊ နေ့ရက်များ လွန်သွားစဉ်၊

မောပန်းဝိညာဉ်များ ဆုံးရကြ၊ နေ့ရက်များ လွန်သွားစဉ်၊

ငါတို့ခရီး လမ်းလျှောက်စဉ်၊ ဝမ်းမြောက်ရွှင်လန်းရယ်လျက်နှင့်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

ထပ်ဆို

နေ့ရက်များ လွန်သွားစဉ်၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

၂။ ချည်းနှီးသက်သက်ချိန်မကုန်စေ၊ နေ့ရက်များ လွန်သွားစဉ်၊

သင့်မျက်နှာ နံနက်လိုဖြစ်စေ၊ နေ့ရက်များ လွန်သွားစဉ်၊

လောကမှာ ဝမ်းနည်းခြင်းများ၊ ငိုကြွေးပူပန်ခြင်း ပြည့်ကြ၊

လဲသော ညီအစ်ကို မစ၊ နေ့ရက်များ လွန်သွားစဉ်။

၃။ ချစ်ခြင်းဖြင့် ချည်နှောင်လေသမျှ၊ နေ့ရက်များ လွန်သွားစဉ်၊

ငါတို့်သည် စွန့်ပစ်ထားရကြ၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းသောမျိုးစေ့ စိုက်သမျှ၊ အလင်းနှင့် အရိပ်အောက်မှာ၊

ပေါက်၍ ငါတို့ဝမ်းမြောက်ရ၊ နေ့ရက်များ လွန်သွားစဉ်။