ကိုယ်တော်အား ဆက်ကပ်ပူဇော်ခြင်းကျူး

Verse 1

ကျွန်ုပ်အသက်လက်ခံပါ ကိုယ်တော်ကို ပူဇော်ဆက်သ၊

နေ့ရက်အချိန် ရှိသမျှ၊ ချီးမွမ်းခြင်းနှင့် ပြည့်စေပါ၊

ချီးမွမ်းခြင်းနှင့် ပြည့်စေပါ

Verse 2

ကိုယ်တော်ချစ်ခြင်း နှိုးဆော်ရာ၊ ကျွန်ုပ်လက်၊ မှုဆောင်စေပါ၊

ကိုယ်တော်ရှင်မြတ် အဖို့သာ၊ ကျွန်ုပ်ခြေလျင်မြန်စေပါ၊

ကျွန်ုပ်ခြေလျင်မြန်စေပါ

Verse 3

ကျွန်ုပ်အသံ လက်ခံပါ၊ ကိုယ်တော်ကို ချီးမွမ်းကျူးရာ၊

နှုတ်ကပတ်တော်မြတ်နှင့်သာ၊ ကျွန်ုပ်နှုတ်ကို ပြည့်စေပါ

ကျွန်ုပ်နှုတ်ကို ပြည့်စေပါ

Verse 4

ကျွန်ုပ်ရွှေငွေရှိသမျှ၊ ကိုယ်တော်မြတ်လက်ခံမူပါ၊

ကိုယ်တော်မြတ်အလိုရှိရာ၊ ကျွန်ုပ်ဉာဏ်ကို သုံးမူပါ

ကျွန်ုပ်ဉာဏ်ကို သုံးမူပါ

Verse 5

ကျွန်ုပ်အလို လက်ခံပါ၊ ကိုယ်တော်အလိုဖြစ်စေပါ၊

ကျွန်ုပ်စိတ် ကိုယ်တော်ပိုင်ပေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ၊

ကိန်းဝပ်ရာပလ္လင်ဖြစ်စေ

Verse 6

ကျွန်ုပ် ချစ်ခြင်း လက်ခံပါ၊ ခြေတော်ရင်းမှာ ချထားပါ၊

ကျွန်ုပ်ကို ယူတော်မူလျှင်၊ ကိုယ်တော်ဖို့ ဖြစ်မည်အစဉ်၊

ကိုယ်တော်ဖို့ ဖြစ်မည်အစဉ်