ယေရှုရှင်နှင့် ဘယ်ရပ်သို့မဆိုကျူး

၁။ ယေရှုရှင်နှင့်အတူ ဘယ်ရပ်သို့မဆို၊ ကွဲမကွာလျှင် ဆောင်တော်မူရာလိုက်ပါမည်၊

ခြေတော်ရင်းမှာ ထိုင်လျက် ကြောက်ရွံ့ခြင်းများကင်း၊

ငိုကြွေးရာချိုင့်တွင် ယေရှုနှင့် စဉ်လိုက်မည်။

ထပ်ဆို

ယေရှုရှင်နှင့် လိုက်မည်၊ ဘယ်ရပ်သို့မဆို၊ မြေကြီးပေါ် ခဏနေစဉ် ယေရှုရှင်လမ်းပြမည်၊

ခြေတော်ရင်းမှာ ထိုင်လျှင် ကြောက်ရွံ့ခြင်းများနှင့်ကင်း၊

ငိုကြွေးရာ ချိုင့်တွင် ယေရှုနှင့် စဉ်လိုက်မည်။

၂။ ယေရှုရှင်နှင့်အတူ ဘယ်ရပ်သို့မဆို၊ လမ်းသည် ကြမ်းတမ်းရှည်၍ ဘေးနှင့် ပြည့်သော်လည်း၊

မြေကြီးပေါ်တွင် ချစ်ခင်သမျှ ရုပ်သိမ်းသော်လည်း၊

ယေရှုရင်နှင့် ဝမ်းမြောက်စွာပင် လိုက်ပါမည်။

၃။ ယေရှုရှင်နှင့်အတူ ဘယ်ရပ်သို့မဆို၊ ကြောက်မက်ဖွယ် မှောင်မိုက်သင်္ချိုင်းတွင်း ဖြစ်သော်လည်း၊

သက်တာရှည်၍ မြေပေါ်မှာ လွန်မောပန်းလှ၏၊

ဒုက္ခရောက်သော်လည်း ယေရှုနှင့် စဉ်လိုက်မည်။