ယေရှုရှင်ဖို့ အသက်ရှင်ကျူး

၁။ ယေရှုရှင်ဖို့သာ သစ္စာနှင့်နေမည်၊ ပြုမူလေသမျှ နှစ်သက်စေပါမည်၊

စိတ်ပါဝမ်းမြောက်စွာ အလိုတော်လိုက်မည်၊

ဤသို့ပြုခြင်းသာ ကောင်းချီးခံရမည်။

ထပ်ဆို

ကယ်တင်ရှင် ယေရှုသခင်၊ ကိုယ်တော်ကို ပူဇော်ဆက်သင်၊

ကျွန်ုပ်ကို ကယ်တင်ဖို့ရာ၊ ကိုယ်တော်ရှင်သေခံရှာ၊

ကျွန်ုပ်သခင် ကိုယ်တော်သာ စိတ်တွင် ကိန်းဝပ်မူပါ၊

နောက်နောင် ကိုယ်တော်အရှင်ဖို့သာ၊ အသက်ကို ပူဇော်မည်။

၂။ သေခံရှင်ဖို့သာ အသက်ရှင်ပါမည်၊ ကျွန်ုပ်ပြစ်ကြောင့်သာ ကိုယ်တော်သေခံပြီ၊

ရှိသမျှအပ်ပြီး နောက်တော် လိုက်ဖို့လည်း၊

ဤမေတ္တာတော်ပင် သွေးဆောင်ခေါ်ယူ၏။

၃။ ဘယ်ရပ်မှာ မဆို ကိုယ်တော်ဖို့ သက်ရှင်၊ နာမတော်မြတ်နှင့် ဝတ်ကိုဆောင်ရွက်ချင်၊

ဒုက္ခခံရလျှင် မညဉ်းပဲခံချင်၊ ကိုယ်တိုင်ထမ်းဖို့ရာ ကားတိုင်ပင် မှတ်ထင်။

၄။ ခဏသက်ရှင်စဉ် ကိုယ်တော်ဖို့သက်ရှင်၊ ကိုယ်တော်ဝမ်းမြောက်ခြင်း ထူးမြတ်ဘဏ္ဍာထင်၊

လမ်းလွဲသူတို့ကို ကိုယ်တော်ရှင်ထံသို့၊ ပြန်လာစိမ့်သောငှာ၊ ရှာဖွေလျက်ဆောင်ပို့။