ကိုယ်တော်ကို လိုပါ၏ကျူး

Verse 1

ကိုယ်တော်ကိုသာ သခင်၊ အစဉ်လိုပါ၊

ကိုယ်တော်ရှိမှသာလျှင်၊ စိတ်ငြိမ်းအေးရာ

Chorus 1

ကိုယ်တော်ပင် အိုယေရှုရှင်၊ ပြစ်ရှိသူကယ်ပိုင်ရာ၊

ယခုပင် ကြွတော်မူလျှင်၊ ကယ်တော်မူပါ

(ကိုယ်တော်မြတ်သည် လိုရင်းပင်၊ နာရီတိုင်းခိုကိုးရ၊

ခုကောင်းကြီးပေးကယ်ချွတ်ရှင်၊ ခြေရင်းတော်လာ။)

Verse 2

ကိုယ်တော်ကို လိုပါ၏၊ အရှင်ယေရှု၊ နာရီမပြတ်လိုသည်၊ မစတော်မူ

Verse 3

ကြင်နာအသံတော်မျှ၊ အဘယ်သူဖြင့်၊ စိတ်အေး ငြိမ်းခြင်းမရ၊ ချစ်သိုးထိန်းရှင်

Verse 4

ကိုယ်တော်ကို လိုပါ၏၊ အနီးနေလျှင်၊ အပြစ်တန်ခိုးမရှိ၊ ကယ်မသခင်

Verse 5

ကိုယ်တော်ကို လိုပါ၏၊ အလျင်ကြွလာ ဒုက္ခ သုခရှိရှိ အနီးနေပါ