ကိုယ်တော်နှင့် နီးစေပါကျူး

Verse 1

ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့် မြှောက်သော်လည်း ဤပတ္တာနာ

အစဉ်လျှောက်ထားလိုပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား

Verse 2

ထွက်ပြေးယာကုပ်ကဲ့သို့၊ နေဝင်ပြီးမှ၊ ကျောက်ခဲသာ ခေါင်းအုံးဘို့၊ ရနိုင်သော်ကား

ညဉ့်နက်တွင်အိပ်မက်မှာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား

Verse 3

စီရင်တော်မူသမျှ၊ ကျွန်ုပ်လျှောက်ရာ၊ ကောင်းကင်လှမ်းတက်လှေကား ဖြစ်စေမူပါ

ကောင်းကင်သားနှင့်တကွ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား

Verse 4

သို့လျှင် နိုးသောအခါ ချီးမွမ်းစိတ်ရှိ၊ ဒုက္ခကျောက်ခဲများဖြင့် ဗေသလတည်မည်

ဆင်းရဲအားဖြင့်လျှင်သာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား

Verse 5

သို့တည်းမဟုတ် ဝမ်းသာ ရွှင်မြူးသဖြင့်၊ နေလကြယ်များ လွန်လျက်၊ ပျံတက်ရလျှင်

အစဉ်ပင်လျှောက်လိုပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား